သတိရပါ ______ သင်တက္ကသိုလ် ရောက်တဲ့အခါ ဒါတွေကို သတိရပါ ဆံပင်တွေ မလိုအပ်ဘဲ ဖြောင့်ချင်တဲ့အခါ အလုပ်တွေများပြီး ခေါင်းတောင်မဖြီးနိုင်တဲ့အမေကို သတိရပါ သူငယ်ချင်းတွေနဲ့ ဘီယာသောက်မယ့်အခါ ငွေတွေချွေတာနေရလို့ လက်ဖက်ရည်တောင် ပုံမှန်မသောက်နိုင်တဲ့ အိမ်ကအဖေကို သတိရပါ အပြင်တွေ လျောက်လည်ချင်တဲ့အခါ ခုချိန်ထိ ရွှေတိဂုံဘုရားတောင်မဖူး ဖူးသေးတဲ့ အမေနဲ့အဖေကို သတိရပါ ကြုံတုန်း မိန်းကလေးတွေကို အပျော်တွဲချင်တယ့်အခါ မကြာခင် တက္ကသိုလ်တက်ရမယ့် အိမ်ကညီမကို သတိရပါ ငွေကုန်တဲ့အပေါက်တွေ တွေ့တဲ့အခါ နဖူးကချွေး ခြေမကျအောင် ရုန်းကန်နေတဲ့ အိမ်က အဖေကိုသတိရပါ ကိုယ်မြို့မဟုတ်လို့ ကဲလိုက်မယ်လို့ တွေးမိတဲ့အခါ ကိုယ့်ကိုကိုယ့် မြန်မာမိန်းကလေးတစ်ယောက် ဖြစိတယ်ဆိုတာ သတိရပါ သင်တက္ကသိုလ် တက်ရောက်တဲ့အခါ တဒင်္ဂ ပျော်ရွင်မှုထက် သင့်ကိုဘွဲ့ရပညာတက်ဖြစ်စေချင်သော အိမ်က မိဘတွေကို အမြဲသတိရပါ #Credit မူရင်းရေးသားသူကိုcreditပေးပါသည်