ညီလေး၊ညီမလေးရေ
ကိုယ့်အပေါ် လိမ်လည်လှည့်စားသွားတဲ့
သူတစ်ယောက်ကြောင့် စိတ်ဆင်းရဲ
မနေပါနဲ့။ တစ်ခါပဲရမယ်လို့ မှတ်ထား
လိုက်ပါ။ ပြီးရင် ဥပေက္ခာပြုလိုက်ပါ။
ညီလေး၊ညီမလေးရေ
လူတစ်ယောက်ကို မမေ့ခင် ခွင့်လွှတ်လိုက်ပါ။ လောကမှာ သတိရဖို့
မထိုက်တန်တဲ့ သူကို သတိရမနေပါနဲ့။
အချိန်တိုင်း သင်သတိရ ရမယ့်လူက
သင်ချစ်ရတဲ့ သင့်ချစ်သူမဟုတ်ပါဘူး။
သင့်မိဘနှစ်ပါး ပါ။
ညီလေး၊ညီမလေးရေ
တစ်ခြားလူတွေရဲ့ ထင်မြင်ချက်တွေကို
နားထောင်ပြီး တစ်စုံတစ်ယောက်ကို
မဝေဖန်ပါနဲ့။ ကိုယ်က သူများတွေရဲ့
ဝေဖန် အပြစ်ပြောသံတွေကို မကြိုက်ရင်
သူများတွေကိုလည်း ကိုယ်က မဝေဖန်ပါနဲ့။
ညီလေး၊ညီမလေးရေ
သင့်ရဲ့ပျော်ရွှင်မှုဟာ သင်နဲ့ပဲဆိုင်ပါတယ်။
ဒါ့ကြောင့် ပျော်ရွှင်မှုတစ်ခုကို ပြုလုပ်ဖို့
ရှက်ကို့ရှက်ကန်း ဖြစ်မနေပါနဲ့။
ပျော်သလိုနေလိုက်ပါ။ ဒါပေမယ့် သင့်ရဲ့
ပျော်ရွှင်မှုဟာ ဘယ့်သူကိုမှ မထိခိုက်ပါစေနဲ့။
ဥပမာ...ရယ်စရာရှိလို့ ရယ်တဲ့အခါ
အားရပါးရ ရယ်လိုက်ပါ။ ဒါပေမယ့်
သူများအပေါ် လှောင်ပြောင်ပြီးတော့
ပျော်ရွှင်မှု မရှာပါနဲ့။
ညီလေး၊ညီမလေးရေ
လူတစ်ယောက်ရဲ့ မာနကို ဘယ်တော့မှ
မထိခိုက်ပါစေနဲ့။ လူတစ်ယောက်အပေါ်
မှာ ဘယ်လောက်ပဲ ဆိုးခဲ့ပါစေ ခွင့်လွှတ်လို့
ရပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့
မာနနဲ့ ဂုဏ်သိက္ခာကို ပြက်ရယ်ပြု
လှောင်ပြောင်မိရင်တော့ အဲ့လူရဲ့ အမုန်းကို
ရရှိပြီး သူ့ရဲ့ ထာဝရရန်သူ ဖြစ်သွားနိုင်ပါ
တယ်။
ညီလေး၊ညီမလေးရေ
ကိုယ့်ကို စွန်ခွာသွားတဲ့သူတွေကို
ခွင့်လွတ်လိုက်ပါ။ လိုက်ပြီး တွယ်ကပ်
မနေပါနဲ့။ သင့်ရဲ့ တန်ဖိုးကျပါတယ်။
သင်ဟာ တန်ဖိုးကြီးတဲ့သူဆိုတာ မေ့မနေပါနဲ့။
တန်ဖိုးဆိုတာ တန်ဖိုးသိတဲ့လူနဲ့ပဲ
ထိုက်တန်ပါတယ်။
ကျေးဇူးပြု၍ ဆက်ဖတ်ပေးပါ...
ကျွန်တော်ရေးတဲ့ စာတွေက
အားလုံးကို စိတ်ခွန်အားတွေပေး
လိမ့်မယ်လို့ ယုံကြည်ပါတယ်။
အကယ်၍ ကျွန်တော့်ရဲ့ အရေးအသား
တွေဟာ အဆိပ်အတောက် ဖြစ်စေတယ်
ဆိုရင် လုံးဝမဖတ်ပါနဲ့လို့ အကြံပေး
ပါရစေ။ ပြီးတော့ စာတွေဟာ
ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို
စာအုပ်တွေ ဖတ်ရင်း ရလာတဲ့
အသိအဥာဏ်တွေနဲ့ ပေါင်းစပ်
ထားတာပါ။ တစ်ခါတစ်လေမှာ
ကျွန်တော် အတွေးသိမ်လို့ မှားတဲ့အခါ
တွေရှိကောင်း ရှိနိုင်ပါတယ်။
အဲ့အခါကျရင် ကျွန်တော့်ရဲ့ အမှားကို
ထောက်ပြပေးပါ။
ကျွန်တော့်ရဲ့ စာတွေကို ဖတ်ပြီး
အားပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်
စာရေးသူနဲ့ စာဖတ်သူက အပြန်အလှန်
မှီခိုနေကြတာပါ။ အားလုံးရဲ့အားပေးမှု
တွေက စာတွေဆက်ရေးဖို့ အားဖြစ်
စေပါတယ်။ စာတွေရေးတင်ရင်း
သိလိုက်ရတာက လူငယ်တော်တော်များ
ဟာ စာတွေဖတ်လာကြပြီ ဆိုတာပါ။
addပေးတာတို့ followတို့
လုပ်ပေးပါအုံး
ဘာလို့လည်းဆိုတော့ followerတွေ
လိုချင်လို့ မဟုတ်ပါဘူး။
gpတွေမှာတင်ရင် ပြဿနာ
အနည်းငယ် ရှိနေလို့ပါ။
ကျွန်တော်ဟာ အရင်က အရမ်းအား
ငယ်တတ်တဲ့သူပါ။
လူလည်းအရမ်းကြောက်တတ်ပါတယ်။
ဘာဆိုဘာမှမလုပ်ရဲပါဘူး။
စာအုပ်တွေ ဖတ်ရင်းကနေ
လူတွေအကြောင်းပိုသိလာပါတယ်။
ကျွန်တော်လိုပဲ စိတ်ဓာတ်ကျနေသူ
တွေကို ကူညီပေးဖို့ အကြံရတာကနေ
စပြီး စာရေးဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ တစ်ခုတည်းသော
ရည်ရွယ်ချက်က လူတွေကို
တတ်နိုင်သလောက် ကူညီဖို့ပါ။
လေးစားစွာဖြင့်
ကိုရဲ
Comments
Post a Comment